Core Value (အထူးထည့်သွင်းလေ့ကျင့်သင်ကြားပေးသော ဘာသာရပ်များ)

စဉ်

ကျွမ်းကျင်မှုများ

အစီအစဉ်

Hard Knowledge Skills

(က) အင်္ဂလိပ်စာ ဘာသာရပ်တတ်ကျွမ်းမှု

အင်္ဂလိပ်စာ ဘာသာရပ်စာဖတ်စွမ်းရည်မြှင့်တင်ရေး MERP အစီအစဉ်နှင့် ဘာသာစကား တတ်ကျွမ်းမှု လေ့ကျင့်ပေးသည့် ပြိုင်ပွဲများ

(ခ ) ကွန်ပျူတာတတ်ကျွမ်းမှု

ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများအား သင်ကြား လေ့ကျင့်မှုဆောင်ရွက်သည်။

Soft People Skills

(က) ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ်

ပြည်ထောင်စုစနစ်နှင့် ဖွဲ့စည်းထားသော နိုင်ငံတော်ဖြစ်၍ ပြည်ထောင်စုစိတ်ဓာတ် ဖြစ်ပေါ် ခိုင်မာစေရန် သင်တန်းနှစ်အားလုံးတွင် ထည့်သွင်းသင်ကြားသည်။

(ခ ) စီးပွားရေးဘာသာရပ်

ဒုတိယနှစ်နှင့် တတိယနှစ် ဝိဇ္ဇာ၊ သိပ္ပံ သင်တန်းများတွင် ထည့်သွင်းသင်ကြားသည်။

နယ်စပ်ဒေသအသီးသီးမှ ဤဒီဂရီကောလိပ်တွင် တက်ရောက်နေသော ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှုလျော့ချရေးတို့တွင် မည်သို့ စီမံခန့်ခွဲသည်ကို သိရှိရန်နှင့် မိမိကိုယ်ကို စီမံခန့်ခွဲတတ်စေရန်၊ လူနေမှုဘဝများ တိုးတက်လာစေရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရန်၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို သုံးသပ်ရာတွင် GDP (သို့မဟုတ်) စုစုပေါင်း ပြည်တွင်းထုတ်ကုန်သည် အလွန်အသုံးဝင်သည့် အညွှန်းကိန်းတစ်ခုဖြစ်သည်ကို သိရှိနိုင်ရန်၊ GDP ကိုကြည့်ပြီး မိမိတို့ ပြည်နယ်၊ တိုင်းနှင့်နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမည်မျှ တိုးတက်လာသည်ကို သိရှိစေရန်အတွက် စီးပွားရေးတက္ကသိုလ်များတွင် တက်ရောက်နေသော ကျောင်းသူ၊ ကျောင်းသားများနည်းတူ သိရှိနိုင်ရန် ဤဒီဂရီကောလိပ်တွင်လည်း စီးပွားရေးဘာသာရပ်ကို အထူး ထည့်သွင်းသင်ကြား​ပေး​ခြင်းဖြစ်သည်။

(ဂ ) ရုံးလုပ်ငန်း

ကျောင်းဆင်းကျောင်းသား၊ ကျောင်းသူများအား ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်စာမေးပွဲအပြီး လေ့ကျင့်ရေးကာလများ၌ သင်ကြားလေ့ကျင့်မှုဆောင်ရွက်သည်။

Heart Skills

(က) အခြေခံယဉ်ကျေးမှု

လူမှုကျင့်ဝတ်ဆိုင်ရာ စည်းကမ်းချက်များကို သိရှိနားလည်လိုက်နာစေရန်။

(ခ ) အဆင့်မြင့်ယဉ်ကျေးမှု

မိမိစိတ်ကို သိရှိနားလည်ပြုပြင်နိုင်ရန်၊ လူမှုဘဝကောင်းကျိုးချမ်းသာများကို ဆောင်ရွက်နိုင်စေ ရန်နှင့် ပစ္စုပ္ပန်တမလွန်ဘဝများအတွက် ကောင်းကျိုးများ ရရှိခံစားနိုင်သော လိုက်နာကျင့်သုံး ရမည့် ကျင့်ဝတ်များကို သိရှိနားလည်လိုက်နာစေရန်။

Core Value of Computer Science

အရည်အသွေးပြည့်ဝသောပညာရေးအကောင်အထည်ဖော်ဆောင်ရွက်ရန်ICTနည်းပညာကိုအထူးထည့်သွင်းသင်ကြားလျက်ရှိပါသည်။

ရည်ရွယ်ချက်

  • ICTနည်းပညာများကိုအခြေခံမှစ၍ကျွမ်းကျင်စွာအသုံးပြုတတ်စေရန်၊

MERP (ကျယ်ကျယ်ပြန့်ပြန့်စာဖတ်ကြမယ်)

စာဖတ်စွမ်းရည်မြှင့်တင်ရေးအစီအစဉ်၏ ရည်ရွယ်ချက်

  • နေ့စဉ်အင်္ဂလိပ်စာ မဖတ်ဖြစ်သော ကျောင်းသားများအား စာသင်ခန်းပြင်ပတွင် အင်္ဂလိပ်စာနှင့် ထိတွေ့နိုင်စေရန်နှင့်
  • ဆရာများကိုယ်တိုင် ကျောင်းသားများအား အင်္ဂလိပ်စာအားနည်းနေသော အခြေအနေမှ ပြောဆို ရေးသားနိုင်စွမ်းတိုးတက်အောင် ဆောင်ရွက်နိုင်စေရန်